အတွင်းသားပေါ်တဲ့ဖက်ရှင်လေးနဲ့Sexy ကျကျလှနေတဲ့သင်ဇာလေးနဲ့အတူ အလန်းစားကြော်ငြာလေးကိုရိုက်ကူးနေတဲ့ ပိုင်တံခွန်ရဲ့Video လေး

အမိုက်စားဖက်ရှင်တွေကြောင့် ပုရိသတွေကြားမှာ နာမည်ကြီးနေတဲ့မင်းသမီးချောလေးကတော့ သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမရဲ့ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံဟာလည်း ပုရိသတွေကြွေနေရတဲ့အဓိကအချက်ပါ။ သူမရဲ့ မျက်နှာလေးဟာ အမြဲတမ်းအေးချမ်းတည်ငြိမ်နေပြီး ချိုသာလွန်းတဲ့အသံလေးကြောင့်လည်း မိန်းကလေးပရိသတ်များပါ အားပေးချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ သူမကတော့ပရိသတ်တွေကိုအမိုက်စားပုံရိပ်တွေနဲ့ရင်ခုန်အောင်ဖမ်းစားတက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ဆွဲဆောင်မှုတွေကလည်းပရိသတ်တွေရင်ခုန်သံအပြည့်မရိုးအောင်ဖမ်းစားနိုင်တာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်းမပြတ်တမ်းကြိုးစားတတ်ပြီးအောင်မြင်နေတဲ့သူတစ်ယောက်ပါ။ သူမကတော့ အခုတစ်ခေါက်မှာလည်း ပိုင်တံခွန်နဲ့အတူ ကြော်ငြာရိုက်ကူးနေတာပါ။ သူတို့ရိုက်ကူးနေတာကိုလည်း ပိုင်တံခွန်ရဲ့Facebook myday လေးမှာဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ Source- Paing Takhon Facebook Comments

ဘုန်းကြီးဆီက သင်္ကန်းပြန်ဝယ်ပြီးလှူတာ ကုသိုလ်ရပါသလား ငရဲကြီးပါသလား?

မင်္ဂလာပါ ဦးဇင်း။ တခုလောက်မေးချင်လို့ပါ။ သူများလှူ ပြီးသား ပစ္စည်းတခုကို ကိုယ်က ပြန်ဝယ်ပီး ပြန်လှူရင် ကုသိုလ်မရဖူးဆိုတာဟုတ်ပါသလား။ ဥပမာ ပြောရ ရင် ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ တပည့်တော်မက အသစ်တခု မဝယ်တော့ပဲ အဲသင်္ကန်းကိုပဲ ဘုန်းကြီးစီ ဝထ္ထုငွေနဲ့ပြန်ဝယ်ပီး ပြန်ပီး လှူရင် ကုသိုလ်မရဖူးလို့ပြောတာကြားဖူးလို့ပါ။ အဲတာ ဟုတ်ပါသလား။ အဲ့လိုလုပ်ရင် ငရဲကြီးတတ်ပါတယ် ဒကာမ။ ဘာကြောင့်လဲဆိုတော့ ရဟန်းတော်က ပိုက်ဆံ မသုံးရဘူး၊ ပစ္စည်း မရောင်းရဘူး၊ ဖလှယ်မှုကိုလည်း မပြုရပါဘူး။ ဒကာမကို ရဟန်းတော်က သင်္ကန်းတွေ ပိုက်ဆံနဲ့ လဲလိုက်ရင် ရောင်းရင် ရဟန်းတော်ကလည်း ငရဲကျမယ် ဒကာမကလည်း ဝိနည်း နဲ့ သာသနာတော်ကို ဖျက်ဆီးနေတဲ့အတွက် ငရဲကြီးတတ်ပါတယ်။ ဝိနည်းကို မလိုက်နာတတ်တဲ့ ရဟန်းတော်တွေကို ဝိနည်းမှာ မလိုက်နာအောင် ထောက်ပံ့ပေးတဲ့ ဒကာ ဒကာမတွေက အကုသိုလ်...

နောက်နှစ်ထဲမှာ မင်္ဂလာသတင်း ကြားရတော့မယ် ဆိုတဲ့ ကောင်းထက်ဇော်

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကောင်းထက်ဇော် က Forever Group မှ စီစဉ်ထုတ်လွှင့်တဲ့ MRTV- 4, Channel 7 အစရှိတဲ့ free to air ရုပ်သံလိုင်းတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင် ဆောင်ရွက် နေသူဖြစ်ပါ တယ်။ သူက အစီအစဉ်ကြေညာသူဖြစ်နေပေမယ့် လဲ ယခုနောက်ပိုင်းမှာဆိုရင်ကြော်ငြာတွေမှာပါ ပါဝင်သရုပ်ဆောင် လာခဲ့ပြီဘဲ ဖြစ်ပါတယ်။ သူက အသက်၃၃ နှစ်အရွယ် လူပျိုကြီးတစ်ဦးဖြစ်ပြီး နောက်နှစ်ထဲမှာတော့ မင်္ဂလာသတင်း ကြားရတော့မယ် လို့ဆိုပါတယ်။ ကောင်းကြီးက ဇွန်လနောက်ဆုံးအပတ်လောက်က မိသားစုတွေနဲ့အတူ သာသနာ့ဘောင်ဝင်ခဲ့ပြီး အဲ့ဒီလိုသာသနာ့ ဘောင်ဝင်တဲ့အထဲမှာ သူ့ရဲ့ချစ်သူကောင်မလေးကဘာ သီလရှင်ဝတ်ခဲ့တာလို့လဲပြောခဲ့ပါတယ်။ ကောင်မလေးက ဖားအံကဖြစ်ပြီး သူ့အနေနဲ့ သူတို့သေချာညှိနှိုင်းပြီးတဲ့ အခါမှာတော့ ပရိသတ်တွေကိုရော မီဒီယာတွေကိုပါ အတိအလင်းကြေညာပေးသွားမယ်လို့ ဆိုပါတယ်။ ကောင်းထက်ဇော်ဟာ လူကြိုက်များတဲ့ စားမယ်ဝါးမယ် အစီအစဉ်၊ (၅)တန်းနဲ့ပြိုင်ဘယ်သူနိုင်...

ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးထီးတော်တင်ပွဲအခမ်းအနားတွင် သိန်းပေါင်း(၁၅၀၀)ကို လှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်တို့မိသားစု

ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်တို့မိသားစုကတော့ အလှူအတန်းဆိုရင် တတ်နိုင်သလောက်ကို အချိန်မရွေး နေရာမရွေး အမြဲတမ်းလှူဒါန်းနေကြပြီး သဒ္ဒါတရားထက်သန်တဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။နန္ဒာလှိုင်တို့မိသားစုက စီးပွားရေးဆိုလည်း တက်ညီလက်ညီနဲ့ကြိုးစားရှာဖွေကြသလို သိန်းပေါင်းများစွာကိုလည်း မကြာခဏလှူဒါန်းနေကြတာကိုပရိသတ်ကြီးလည်းမြင်တွေ့နေရမှာပါနော်။ အခုဆိုရင်လည်း နန္ဒာလှိုင်တို့မိသားစုက ဂုဏ်သရေရှိလူကြီးမင်းများ၊တာဝန်ရှိပုဂ္ဂိုလ်များနဲ့အတူ”မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာကျောင်းကြီးကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မစရိယ) ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ကျိုက်ထီးဆောင်းအဘိုးဆရာတော်ကြီး၏ ဆန္ဒတော်နှင့်အညီ (၆၄၉) ဆူမြောက်ထီးတော်တင်လှူပူဇော်သည့် သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ မကိုဋ်(၃)ဆင့်ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း နှင့် ထီးတော်ဟောင်းကိုထီးစေတီအသစ်တည်ထားကိုးကွယ်ခြင်း မင်္ဂလာအခမ်းအနား ဒီနေ့နံနက် (၈:၁၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်” ထီးတော်တင်ပွဲအခမ်းနားတွင် ဇေကမ္ဘာကုမ္ပဏီ ဒု ဥက္ကဌ ဦးဇေသီဟ နဲ့ ဇနီး ဒေါ်နန္ဒာလှိုင်၊ သမီး ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင် မိသားစုမှ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာရှိ ကောဏာဂုံမြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့ဖူးတဲ့...

ဇာတ်ပို့ သရုပ်ဆောင်ဇော်ကြီးရဲ့ နေအိမ်ကိုသွားရောက်ပြီး ထောက်ပံ့ငွေလှူဒါန်းပေးအပ်ခဲ့တဲ့ ဦးအောင်ခိုင်တို့ကိုလူချောအဖွဲ့

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့အခန်းကဏ္ဍကလည်း တစ်မျိုးတစ်ဖုံအရေးကြီးပါတယ်နော်။ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဦးအောင်ခိုင်ကတော့ အနုပညာသက်တမ်းက ၁၀စုနှစ်တစ်ခုစာလောက်ရှိနေပြီဖြစ်လို့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်လို့ပြောလို့ရပါတယ်နော်။အကယ်ဒမီဦးအောင်ခိုင်ကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိနေဆဲဖြစ်ပါတယ်။ ဦးအောင်ခိုင်ကတော့ ပရဟိတအလုပ်ဆိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး စွမ်းစွမ်းတမံဆောင်ရွက်သလို အကူအညီလိုအပ်သူတိုင်းကိုလည်း အိမ်တိုင်ရာရောက်သွား၍လှူဒါန်းနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းမြင်တွေ့ရမှာပါနော်။အများအကျိုးကိုသယ်ပိုးပြီး စိတ်စေတနာကောင်းတဲ့သူတစ်ယောက်လည်းဖြစ်တဲ့ ဦးအောင်ခိုင်ရဲ့စိတ်ဓာတ်ကို ပရိသတ်တွေက လေးစားပြီး ချီးကျူးနေရတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဦးအောင်ခိုင်က ကိုလူချောအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံတစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆောင် ဇော်ကြီးရဲ့ အိမ်ကိုသွားရောက်ပြီး တတ်နိုင်သလောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင်ဇော်ကြီးရဲ့ပျော်ရွှင်ချမ်းမြေ့တဲ့အပြုံးလေးတွေကိုကြည့်ရင် လှူရတဲ့သူအတွက်စိတ်ကျေနပ်စရာပါပဲနော်။ဦးအောင်ခိုင်ကတော့ “လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းကိုလူချောအဖွဲ့ဝင်သရုပ်ဆောင်ဇော်ကြီးအိမ်သို့ ရောက်ရှိပြီးကိုလူချောအဖွဲ့မှထောက်ပံ့ငွေလှူဒါန်းပေးအပ်ခဲ့ပါတယ်”ဆိုပြီး ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။ Source:Middle Man Facebook Comments

မင်္ဂလာဒုံမြို့လှော်ကားသဘာဝဥယျာဉ်အကျော် လမ်းမဘေးခြုံတောအနီးတွင် ဆယ်ကျော်သက်အရွယ် အလောင်းသုံးလောင်းတွေ့ရှိ

မင်္ဂလာဒုံမြို့နယ် လှော်ကားသဘာဝဥယျာဉ်ကျော် လမ်းမဘေးခြုံတောအနီး သေဆုံးနေသည့် ဆယ်ကျော်သက်အရွယ် အလောင်းသုံးလောင်း ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ပုလဲအရန် မီးသတ်တပ်ဖွဲ့မှ သိရသည်။ သေဆုံးနေသူများမှာ ယောကျာ်းလေး နှစ်ဦးနှင့် မိန်းကလေးတစ်ဦးဖြစ်ပြီး ၁၅ နှစ်မှ ၁၈ နှစ် အရွယ်များဖြစ်ကြောင်း သိရသည်။ “ မနက် ၈ နာရီလောက်က ထောက်ကြန့်ရဲစခန်းက တာဝန်ရှိသူတွေက ဖုန်းဆက်ပြီး မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်၊လှော်ကားလမ်းမ၊လှော်ကားဥယျာဉ်အကျော် လမ်းမဘေးခြုံတောအနီး သေဆုံးနေသည့် အလောင်းသုံးလောင်းတွေ့တယ်ဆိုလို့ လူနာတင်ယာဉ်နှစ်စီးနဲ့ တပ်ဖွဲ့ဝင် ၁၃ ယောက်က သွားကူညီခဲ့ပါတယ်။သေဆုံးတဲ့အလောင်းသုံးလောင်းက အသက် ၁၅ ကနေ ၁၈ ကြားပါ။ယောက်ကျားလေး ၂ ယောက် မိန်းကလေး ၁ ယောက်ပါ။ ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး။အနည်းငယ် ပွန်းပဲ့တာပဲရှိပါတယ်။ သူတို့ကို စစ်ဆေးဖို့ အလောင်းသုံးလောင်းကို ပုလဲလူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ အလောင်...

ကောက်စိုက်နားချိန်မှာ ဖြူဖြူကျော်သိန်းရဲ့ အတွင်းကြေသီချင်းကိုအပီဟဲပြီး ​ကနေကြတဲ့ ​​ကောက်​စိုက်​သမများရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုလေးကိုဖော်ပြပေးချင်ပါတယ်။ ဒီဗီယိုလေးကတော့ ကျေးလက်က ကောက်စိုက် သမလေးတွေ ကောက်စိုက်နားချိန်မှာ သီချင်းဆိုပြီး ပျော်ရွှင်စွာကနေကြတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ အဖွဲ့လိုက် ပျော်ပျော်ရွှင်ရွှင်နဲ့ သီဆို ကနေကြတာ အရမ်းကိုပျော်စရာကောင်းပါတယ်။ အလုပ်ပင်ပန်းလို့ ခဏနားချိန်လေးမှာ ကိုတိုင်သီဆိုထားပြီး ကနေကြတဲ့ အန်တီကြီးတွေရဲ့ ဗီဒီယိုလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဗီဒီယိုလေးကြည့်ပြီး သဘောကျရင် Share ပေးသွားကြပါဦးနော်။ ပရိသတ်ကြီးလဲ ဗီဒီယိုလေးကြည့်ပြီး ဘဝအမောတေံပြေပြောက်ကြပါစေနော်။ video ကြည့်ရန် Facebook Comments

စင်ကာပူထီဆုကြီးပေါက်ခဲ့လို့ အရမ်းပျော်ရွှင်နေတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုး

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ကိုရီးယားမလေးလို ကြည်လင်တဲ့အသားအရည်လေးမျိုးကိုပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမကတော့ မထိရက်မကိုင်ရက်လောက်အောင် ဘိုမရုပ်လေးနဲ့တူလွန်းတာကြောင့် ပရိသတ်တွေကချစ်မဝဖြစ်နေရတာပါ။ နန်းဆုဟာ သရုပ်ဆောင်အလုပ်တွေသာမကပဲ ဂီတဘက်မှာလည်း အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သီချင်းများဟာလည်း ယနေ့ထက်ထိ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိနေတာပါ။ ဒါ့အပြင် အနုပညာလမ်းကြောင်းပေါ်မှာလည်း ဆယ်စုနှစ်တိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ နန်းဆုဟာ ယနေ့ချိန်ထိတိုင်နုပျိုလှပနေတဲ့အလှတွေနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သူလေးပါ ။ သူမကတော့တစ်နေ့ထက်တစ်နေ့အလှတွေပိုလာတာကြောင့်ပရိသတ်တွေကိုရဲ့စောင့်ကြည့်ခြင်းကိုခံနေရတာဖြစ်ပါတယ်။ အမြဲတမ်းကံကောင်းခြင်းတွေကိုရရှိနေတဲ့ နန်းဆုကတော့ အခုတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံရဲ့ထီဆုကြီးပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ Facebook Myday တွင်လည်း ” စင်ကာပူထီပေါက်တယ်ဟ ၈၅ ဒေါ်လာဆိုပဲ ပထမဆုံးအကြိမ်စမ်းထိုးကြည့်တာနော် ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် နန်းဆုရဲ့ကံကောင်းခြင်းတွေကို ဝေမျှပေးလိုက်ရပါတယ်နော်။ Photo – Nansu Yati Soe Facebook Comments

အကယ်ဒမီဒွေးသာ သက်ရှိထင်ရှားရှိနေသေးမယ်ဆိုရင် မင်းသားမလုပ်ဘူးဆိုတဲ့ နေမင်း

ပြည်ပ မှမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့သည့်အချိန်မှာအကယ်ဒမီဒွေးသာသက်ရှိထင်ရှားရှိနေသေးရင် သရုပ်ဆောင် အလုပ်ကို မလုပ်ဘဲ ဒွေးဇာတ်ကားတွေကိုသာထုတ်လုပ်သည့် ထုတ်လုပ်သူ အဖြစ်ရပ်တည်ချင်ကြောင်းသရုပ်ဆောင် နေမင်းက အကုန်သိသတင်းဌာန ကိုရင်ဖွင့်ပြောကြားခဲ့ပါသည်။ သရုပ်ဆောင် နေမင်း က အကယ်ဒမီဒွေးနှင့် မဆုံတွေ့ခဲ့သော်လည်း အတုယူခဲ့ရတာတွေ အများကြီးရှိသည့်အပြင် ဒွေး သီဆိုခဲ့သည့် “စကြာဝဠာကိုဗဟိုပြု၍ “ ဆိုသည့်သီချင်းကိုဇာတ် ၀င်တေးအဖြစ်ပြန်လည်သီဆိုခဲ့ဖူးကြောင်းပြောပြခဲ့သည်။ “ ကိုသားကြီး(ဒွေး) နဲ့ ကျွန်တော်မဆုံဖြစ်လိုက်ဘူးဆိုပေမယ့် အနုပညာသမားတွေအချင်းချင်းတော့ dictionary တစ်အုပ်လိုလည်း ဖြစ်တယ်။ နောက်တစ်ခုကတော့ ကျွန်တော့် အနုပညာရဲ့ ရေသောက် မြစ်တစ်ခုလည်းဖြစ်တယ်။ကျွန်တော်တို့ ဆင့်ပွားကူးယူခဲ့ရတဲ့ အနုပညာတွေလည်းရှိတယ်။ အတုယူ ခဲ့တာရှိတယ် အများကြီးပါပဲ။ ကျွန်တော်ကြိုက်လွန်းအားကြီးလွန်းလို့ ကိုသားကြီး သီချင်း ကို ပြန်ဆိုထားတာတွေလည်းရှိတယ်။ကျွန်တော့် ဇာတ်ကားလေးတွေထဲမှာ အဲဒါလေးတွေပြန်သုံးဖြစ်တယ်။ ဇာတ်ဝင်တေး အဖြစ်ပြန် ဆိုဖြစ်တယ်။ “စင်္ကြ၀ဠာကို ဗဟိုပြု၍ “ ဆိုတဲ့သီချင်းကို အစ်ကို့ အသံနဲ့ ကျွန်တော့် အသံလေးကိုရော...

အင်မတန်သနားစရာကောင်းလှတဲ့ အသက်ရှင်လျက် ဇက်ကျိုးနေတဲ့ ကောင်မလေး

ဒီကလေးမလေးရဲ့နာမည်ကတော့ Afsheen Kumber ဖြစ်ပြီး သူမဟာ ပါကစ္စတန်နိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးမလေးတစ်ဦးပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့အသက်ဟာ ၁၁ နှစ်ရှိပြီဖြစ်ပြီး အင်မတန်ခံစားရခက်တဲ့ ဝေဒနာတွေကိုခံစားရပြီး အသက်ရှင်နေထိုင်နေရတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီကလေးမလေးဟာ အခြားသောလူကောင်းတွေလို မဟုတ်ဘဲ သူမရဲ့ပုံမှန်မဟုတ်တဲ့ ကြွက်သားတွေကြောင့် သူမရဲ့ဖက်ဟာ ကျိုးနေခဲ့တာပဲဖြစ်ပါတယ်။ သို့ပေမယ့် သူမဟာ မွေးဖွားလာတုန်းကတော့ လူကောင်းပကတိမိန်းကလေးတစ်ဦးပါပဲ သူမရဲ့အသက် ၈ လလောက်အရွယ်ရောက်တဲ့အခါမှာ သူမဟာ အိမ်အပြင်ဘက်မှာကစားနေစဉ် ဆိုးဆိုးရွားရွားပြုတ်ကျမှုတစ်ခုဖြစ်ခဲ့ပြီး သူမရဲ့ဇက်ဟာ ကျိုးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီအခြေအနေကြီးက သူမအသက်ရှင်နေထိုင်တဲ့နေရာမှာ အရမ်းကိုအခက်တွေ့စေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ကျဆင်းစေပါတယ်။ သို့ပေမယ့် ဒီကလေးမလေးကိုတော့ ခံစားရခက်လှတဲ့ ဒီအခြေအနေကြီးကို လုံးဝလက်မြှောက်အရှုံးပေးခဲ့ခြင်းမရှိဘဲ ကြံ့ကြံခံရင်ဆိုင်လာခဲ့တာဟာ အခုဆိုရင် ဆယ်နှစ်ကျော်တဲ့ အချိန်ကလာတစ်ခုကို ရောက်ရှိနေခဲ့ပီပဲဖြစ်ပါတယ်။ သူမရဲ့ မိသားစုကလည်း ငွေကြေးမတတ်နိုင်တာကြောင့် ဆရာဝန်ကောင်းကောင်းနဲ့ မပြနိုင်တာကြောင့် ဒီကလေးမလေးဟာ ဒီအခြေအနေဆိုးကြီးထဲကနေ လုံးဝပြန်ကောင်းနိုင်ဖို့ လမ်းစမရှိနေခဲ့ပါဘူး။ ဒါ့ကြောင့်...

x