သက်ငယ်မုဒိမ်းကို သေဒဏ်ပေးလိုက်ရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေပိုများလာမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ ထွန်းအိန္ဒြာဗိုလ်ကတော့ ယနေ့လက်တလော မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး သူမရဲ့တစ်ဦးတည်းအမြင်ယူဆချက်တွေကို မီဒီယာတွေကနေ ပြောပြလာတာတွေ့ရပါတယ်။ သက်ငယ်မုဒိန်းမှုတွေဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ နားနဲ့မနာ ဖဝါးနဲ့နာဆိုသလို နေ့စဉ်နဲ့အမျှ ကြားသိနေရတဲ့ ရင်နင့်ဖွယ်ရာအဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ လက်တလောမှာလည်း နေပြည်တော်မှ သမီးလေးဗစ်တိုးရီးယားအမှုဟာ ပြည်သူလူထုတွေပူးပေါင်းပြီး အမှန်တရားအတွက် ဖော်ဆောင်နေကြတဲ့ သက်ငယ်မုဒိန်းမှုပဲဖြစ်ပါတယ်။ ယခုလို သက်ငယ်မုဒိန်းမှုတွေများပြားလာတဲ့အပေါ်မှာ သက်ငယ်မုဒိန်းကျူးလွန်သူတွေကို သေဒဏ်ပေးသင့်တယ်ဆိုတဲ့ မှတ်ချက်တွေကလည်း ကပ်ပါလာခဲ့တာဖြစ်ပါတယ်။ လူမဆန်တဲ့လုပ်ရပ်အတွက် အဆုံးစွန်သောစီရင်မှုတွေကို တောင်းဆိုခဲ့ကြသော်လည်း ဒီလို သေဒဏ်ပေးမှုနောက်ကွယ်က မလိုလားအပ်ဘဲ ဖြစ်ပေါ်လာမယ့် Side Effect တွေအကြောင်းကိုလည်း ထွန်းအိန္ဒြာဗိုလ်က သူမရဲ့တစ်ဦးတည်းသောအမြင်အဖြစ် ပြောပြလာခဲ့ပါတယ်။ “သက်ငယ်မုဒိန်းမှုတွေ တော်တော်များနေတယ်ပေါ့နော် အားလုံးကလည်း ဒါကို သေဒဏ်ပေးဖို့ပဲ တောင်းဆိုနေကြတာတွေ့ရတယ်ပေါ့နော်။ အဲ့ဒါကတော့ ကျမတစ်ယောက်တည်းအမြင်ဆိုရင် သေဒဏ်ပေးလို့ရှိရင် ဖြစ်လာမယ့် Side Effect တွေကပိုများတယ်လို့ ကျမမြင်ပါတယ်။ ဒီကလေးကို Rape လုပ်သွားတာအပြင်ကို လက်စတုံးအောင်သတ်လိုက်တာလည်းဖြစ်နိုင်တယ်။...

ကမ္ဘာကျော်တွေကြားမှာ ခေတ်စားနေတဲ့ပုလင်းအဖုံးကို ခြေကန်ဖွင့်ပြတဲ့ challenge ကိုနောက်ပြန်ကန်ချက်နဲ့ ပြုလုပ်ပြခဲ့တဲ့ ယဉ်လက်ရဲ့ ဗီဒီယို

ယဉ်လက်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေသလို ကြော်ငြာတွေကိုလဲ ရိုက်ကူးနေတဲ့အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အတိုင်းအတာတစ်ခုထိ ရရှိထားတဲ့ ယဉ်လက်ကတော့ ဖိုက်တင်ခန်းမှာတွေမှာလဲ ကျွမ်းကျင်မှုရှိသလို သရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်တဲ့ အနပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ယဉ်လက်ကတော့ ချစ်စရာ ကောင်းတဲ့အပြုံးလေးတွေ ယဉ်ယဉ်လေးနဲ့လှပတဲ့ အလှတရားတွေကြောင့် ချစ်ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယဉ်လက်ကတော့ တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမဲ့လဲ သူမရဲ့ ချစ်စရာကာင်းလွန်းတဲ့ အလှတရားကြောင့် ချစ်ပရိသတ်တွေကို ရရှိနေသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ယဉ်လက်ဟာ ကမ္ဘာကျော်တွေကြားမှာ ခေတ်စားနေတဲ့ပုလင်းအဖုံးကို ခြေကန်ဖွင့်ပြတဲ့ challenge ကိုနောက်ပြန်ကန်ချက်နဲ့ ပြုလုပ်ပြခဲ့ပါတယ်။ အမိုက်စားကန်ချက်နဲ့ ပုလင်းဘူးအဖုံးကို ကန်ချလိုက်တဲ့ ယဉ်လက်ရဲ့ ဗီဒီယိုလေးကိုေ ဖ်ာပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် အောက်မှာဖော်ပြပေးလိုက်ပါတယ်။ Video ကြည့်ရန် source: ယဉ်လက် Facebook Comments

နေတိုးနဲ့ နာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်တဲ့ “နိုင်ငံကြီးသား” ရုပ်ရှင် Teaser

ဒီကနှစ် (၂၀၁၉) ခုနှစ်ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အပြိုင်အဆိုင် ရုံတင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း တစ်ကားပြီးတစ်ကား ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေတိုးကို ကြိုက်နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအတွက် နေတိုးရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးအမည်ကတော့ “နိုင်ငံကြီးသား” လို့ အမည်ရပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦး တို့က အဓိက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ တကယ် အမှားလုပ်တဲ့သူတွေကိုဆွဲထုတ်ပြီး...

အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ ညီမလေးတစ်ယောက်ကို ထုတ်ကြွားလိုက်တဲ့ စိုးပြည့်သဇင်

နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင် ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေထံကို အကောင်းဆုံး ချပြပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပြီး ချစ်ရတဲ့မိသားစုတွေကိုလည်း အချိန်ပေးပြီးခရီးတွေထွက်ရင်း ဘဝခရီးကို ပျော်ပျော်ကြီးခရီးဆက်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဘဝခရီးကို ပျော်ပျော်ကြီးခရီးဆက်နေတဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း ရပ်ရပ်ရောရော လှူဒါန်းပေးလှူတတ်သူလေးတစ်ယောက်ပါ။ အရမ်းကို ကြင်နာတတ်တဲ့ စိုးပြည့်ကတော့ အားလုံးရဲ့ လေးစားမှုတွေနဲ့အတူ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း စိုးပြည့်က သူမနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ညီမလေးတစ်ယောက်ရဲ့ပုံကို ပရိသတ်တွေထံ ချပြပေးလိုက်ပါတာပဲ ဖြစ်ပါတယ်။ သူမနဲ့ ရုပ်ချင်းဆင်တူနဲ့ ညီမလေးတစ်ယောက်ရဲ့ပုံကို ထုတ်ပြပေးလိုက်တဲ့ စိုးပြည့်ကတော့ ” ကိုယ့်ညီမလေးလေ…မဆိုးပါဘူး..ကိုယ့်နီးနီးချောပါတယ်..? ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။...

“သမ္မတကြီး တာဝန်ယူပေးပါ” မူးယစ်ဆေး သတင်းပေးမှုကြောင့် ဘဝပျက်သွားရတဲ့ မိသားစုလေး

မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ပြည်သူက သတင်းပေးတိုင်ကြားနေသော်လည်း ပမာဏကြီးမားသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားမှုသတင်းများရရှိမှု အားနည်းနေ ကြောင်း နိုင်ငံတော်သမ္မတက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။နေပြည်တော်ရှိ ကြီးကျယ်သော အခမ်းအနားတစ်ခုတွင် သမ္မတက ထိုသို့ပြောနေချိန်တွင် မူးယစ်သတင်းကြီးကြီးပေးခဲ့သူတစ်ယောက်သည် သူ့ရပ်ရွာကိုရှောင်ခွာကာ ဇာတ်မြှုပ်နေလိုက်ရပြီဖြစ်သည်။သမ္မတဖြစ်ပြီးနောက် ပထမဆုံးမိန့်ခွန်းတွင်လည်းကောင်း၊ နှစ်သစ်ကူးမိန့်ခွန်းတွင်လည်းကောင်း မူးယစ်တိုက်ဖျက်ရေး အားသွန်ခွန်စိုက်ပြောတတ်သော ဦးဝင်းမြင့်သည် စိတ်ကြွဆေးပြား ၁၄ သန်း ဖမ်းမိရန် သတင်းပေးခဲ့သော တာဝန်သိပြည်သူ”ကိုရာဇာဟိန်း”ကို မေ့လိမ့်မည်မဟုတ်ဟု ယုံကြည်ရပါသည်။ မူးယစ်သတင်းပေးမှု၏ အကျိုးဆက်အဖြစ် ကိုရာဇာဟိန်းနှင့်မိသားစုသည် လုံခြုံရေးနှင့် စားဝတ်နေရေးအခြေအနေကြောင့်ဥသျှစ်ပင်မြို့ကို စွန့်ခွာခဲ့ရသည်။ သူတို့မိသားစု မည်သည့်အရပ်သို့ပြောင်းသွားသည်ဆိုသည်ကို မည်သူမှရေရေရာရာမသိဘဲ သိသူများကလည်း ထုတ်ဖော်ပြောမည် မဟုတ်ပေ။“သူတို့အရမ်းဒုက္ခရောက်နေပြီလို့ ကျွန်မကိုဖုန်းနဲ့လှမ်းပြောခဲ့တယ်။ အဲဒီနောက်ပိုင်း သူတို့ထွက်သွားတော့တာပဲ” ဟု ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဒေါ်ခင်နှင်းသစ်က ပြောသည်။လွန်ခဲ့သည့်နှစ်နှစ်ကျော်က စိတ်ကြွဆေးပြား ၁၄ သန်း ဖမ်းမိရန် တောထဲ၌ တစ်ပတ်ကျော်အပင်ပန်းခံစောင့်ကြည့်ကာ အာဏာပိုင်များထံ သတင်းပေးခဲ့သူ ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့ခံတစ်ဦး၏...

“ငွေမကိုင်ဘူး၊ဖိနပ်မစီးဘူး၊ မိခင်က ငိုပြီးတားတဲ့ကြားက ရဟန်းဝတ်ပြီး မြန်မာနိုင်ငံမှာ သီတင်းသုံးနေတဲ့ နယ်သာလန်က ဦးအဂ္ဂ”

မော်လမြိုင်က အပြန် သထုံ ရွှေဆံတော် ဘုရားရှေ့ ကားကြုံတားနေတာ ရှေ့က ကားက ရပ်မပေးတာတွေ့လို့ ကိုယ်တွေက ရပ်ပီး မေးလိုက်မိတာ လှည်းကူးကို တဲ့။ အဲ့အချိန်မှာ သင်္ဃန်းကို လက်ကတော့ထိုး အပြည့်ရုံထားပီး ခြေဗလာနဲ့ ကဲ ကားပေါ်တင်ခေါ် လမ်းကြုံပေါ့.. မေးကြည့်တာ ဘယ်က လဲ ဆိုတော့ နယ်သာလန် ကတဲ့ ရန်ကုန်ကို ဗီဇာ အတွက် သွားမှာတဲ့ .. သထုံ တောရမှာ ဝါဆိုမှာတဲ့ .. ဗမာစကားကို ကြိုးစားပီးပြောရှာတယ်… ကိုယ်လဲ နဲနဲပါးပါး ထောပတ်လေချဉ်တက်တော့(အင်္ဂလိပ်စကားနဲနဲတတ်တာကို ပြောတာပါ) ဝမ်းသာပီး ပျော်လို့ အဲဒါနဲ့ ထောပတ်အိုးကို ငပိကော်တဲ့ ယောင်းမ နဲ့ မွှေရင်းစပ်စု ပါလေရော… အချုပ်ပြောရရင် … သင်္ဃန်း ( သံဃာရဲ့ ယူနီဖေါင်း ) လက်ကတော့ထိုး...

ရွှေပေါက္ကံ သက်ငယ်မုဒိမ်းမှုမှ သမီးလေး Graceရဲ့ ဘဝသစ်ပြန်စနိုင်ဖို့ မိဘတွေနဲ့တွေဆုံခဲ့တဲ့ လင်းလင်း

ရွှေပေါက်ကံမှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှုမှ နစ်နာသူ မိန်းကလေးကို လင်းလင်းတို့မိသားစုမှ သွားရောက်ကူညီခဲ့ပါတယ် သိက္ခာ သမာဓိပြည့်စုံတဲ့ ဦးဇင်းတစ်ပါးနဲ့ ညီအကိုလိုရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့် ရွှေပေါက်ကံကဘကလေးလေးရဲ့ မိသားစုနဲ့တွေ့ဆုံခဲ့ပြီးပါပြီ။ ကလေးလေးအတွက် လက်ဆောင်တချို့နဲ့ လက်တလောအဆင်ပြေရေး သုံးဖို့အလှူငွေ ကူရင်းနဲ့ပါ။လအဓိက,ကတော့ ကလေးလေးရဲ့ အနာဂတ်အတွက် နေရာထိုင်ခင်း အလုပ်အကိုင် ပတ်ဝန်းကျင်အားလုံး အသစ်ကပြန်စရေးအတွက် ဖခင်မိခင်နဲ့ ဆွေးနွေးတိုင်ပင်ပါတယ်။ ကျွန်တော်တို့မိသားစုမှ လိုအပ်တာများကို ပြင်ဆင်ထောက်ပံ့ဝန်းရံပေးသွားမှာပါ။ လက်ရှိမှာလဲ ပြည်သူများရဲ့ဝန်းရံပံ့ပိုးမှုကြောင့် လက်တလော အဆင်ပြေမှုတွေ တွေ့ရလို့ဝမ်းသာမိပါတယ်။ပြည်သူ့ခေါင်းဆောင်စစ်စစ် လူထုခေါင်းဆောင်ရဲ့ အရိပ်အောက်မှာ အားလုံးကျန်းမာကြပါစေ ?????? Facebook Comments

Victoria လေးရဲ့ DNA နဲ့ပတ်သက်ပြီး ဘာမှဦးဆောင်မလုပ်ပါဘူးဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

လတ်တလော မြန်မာနိုင်ငံမှာ ရေပန်းစား လူသိများနေတဲ့ သတင်းတွေနဲ့ပတ်သတ်ပြီး သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ပြောပြခဲ့တဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..Victoria အမှုနဲ့ပတ်သက်ပြီး သူမခင်ပွန်းက နိုင်ငံခြားထွက်ပြီး DNA စစ်မယ်ဆိုတဲ့ကိစ္စနှင့် ပတ်သတ်ပြီး အဲ့ဒါကမဟုတ်ပါဘူး၊ သမီးချင်းကိုယ်ချင်းစာပြီး မခံချင်စိတ်လေးဖြစ်လာလို့ ရေးလိုက်တာပါ။ တကယ်တော့ ဘာမှဦးဆောင်မလုပ်ပါဘူး။ လတ်တလောကမှ ပုဂံမြေ ယူနက်စကိုဝင်သွားတဲ့အပေါ်။ အဲ့ဒါကလည်း အတိုင်းမသိပျော်ပါတယ်။ ဂုဏ်ယူစရာဝမ်းသာစရာနဲ့အတူ စိတ်ပူစရာတွေလည်းရှိပါတယ်။ နောက်ပိုင်းဒါတွေကို Maintain လုပ်ထိန်းသိမ်းဖို့ နောက်ဆက်တွဲလုပ်ရမှာလေးတွေရှိသေးတော့ ပြည်သူတွေအကုန်လုံးစည်းကမ်းလိုက်နာပြီး ပြင်ကြဖို့ စိတ်ပူတာလေးရှိပါတယ်။ ပုဂံကိုရောက်ဖူးတာတော့ အကြိမ်ရေတွက်လို့မရတော့ဘူး၊ ကန်တော့ပါစေရဲ့ ပုဂံကဘုရားတွေဖူးရတာ အိမ်ကဘုရားကို ပေါ့သွားလောက်အောင် သပာယ်တယ်ဆိုတော့လေ။ ကိုယ့်ရှေးမြန်မာဘုရင်တွေတည်ခဲ့တာတွေကအရမ်းကို လက်ရာမြောက်တာပဲ ဆိုတာနဲ့ကို စိတ်ထဲမှာ အရမ်းဂုဏ်ယူမိနေတာလေ။ လတ်တလောမှာတော့ ကျွန်မရိုက်ထားတဲ့ကား သုံးကားတင်ပါမယ်။ Frequency, သူစိမ်းအိမ်, အောင်သွယ်တော်ရယ် တင်ဖို့ရှိပါတယ်။ သရဲကားနဲ့ ဟာသကားလေးကြိုက်တာကိုရွေးကြည့်ပေးပါလို့။ နောက်ထပ်ကားကြီးအသစ်လဲနောက်လထဲရိုက်ဖို့လည်းရှိပါတယ်။ ဒါရိုက်တာအသစ် Drama ကားလေးပါ။...

၁၅ နှစ် နေခဲ့တဲ့ ကျူးအိမ်လေးဖျက်ခံရရင် နေစရာမရှိတော့ဘူးဆိုတဲ့ လူကြမ်းသရုပ်ဆောင် ဇော်ကြီးရဲ့ လက်ရှိဘဝ

မြန်မာ့ရုပ်ရှင်လောကမှာ မစို့မပို့ ၀င်ငွေလေးရယူပြီး ဇာတ်ကားတစ်ကား ကောင်းမွန်ဖို့အတွက် ပံ့ပိုးပေးနေတဲ့ လူကြမ်း အနုပညာရှင်တွေ ရှိကြပါ တယ်။ သူတို့ဟာ ဇာတ်ကားတွေထဲမှာတော့ လူယုတ်မာကြီးတွေ မုဒိမ်းကောင်ကြီးတွေ ၊ ကောက်ကျစ်တဲ့သူတွေအဖြစ် သရုပ်ဆောင်ရင်း ပြင်ပဘ၀မှာ မိသားစု စားဝတ်နေရေးတွေကို ဖြေရှင်းပေးနေရတဲ့ သူတွေ ဖြစ်ကြပါတယ်။ ရုပ်ရှင်လောကမှာ ၀င်ငွေနည်းပါးကြလို့ ပြင်ပဘ၀မှာ စားဝတ်နေရေး ခက်ခဲကြရသလို နှစ်စဉ်ချီးမြင့်နေတဲ့ အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုတွေမှာလည်း သူတို့ဇာတ်ရုပ်အတွက် မျက်နှာသာ အပေးမခံရရှာ ပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ ဇာတ်ကားတွေမှာ မပါမဖြစ်တဲ့ အနုပညာ သည် တွေပဲ ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တွေမှာတော့ ဇော်ကြီးကလဲ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ လူကြမ်းတစ်ယောက်ပဲဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တွေရဲ့ ဘဝကတော့ အဆင်မပြေမှုတွေနဲ့ပဲ ရင်ဆိုင်နေကြရပါတယ်။ လတ်တလောမှာတော့ ဇော်ကြီးဟာ ကျူးရပ်ကွက်မှာ နေထိုင်နေတာ ဖြစ်ပြီး လမ်းတွေချဲ့လာလို့ အိမ်လေးဖျက်ပေးရတဲ့အကြောင်းပြောလာခဲ့ပါတယ်။...

ကျူးမှာနေရတဲ့ လူကြမ်းသရုပ်ဆောင် ဇော်ကြီး ရဲ့ အင်တာဗျူးကို တွေ့ပြီး ငွေကြေးသွားရောက် လှူဒါန်းမယ့် ဘေဘီမောင်

သူမရဲ့ ကောက်ကြောင်းအလှကြောင့် လူသိများလာတဲ့ သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦပါ။ ဘေဘီမောင်ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ဇာတ်ကားများစွာ ရှိတာကြောင့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အနုပညာလောကကို ခက်ခဲကြမ်းတမ်းတဲ့ ဘဝနဲ့ ဝင်ရောက်လာပြီး ခုဆိုရင်သူမကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဘေဘီမောင် က လူကြမ်းသရုပ်ဆောင် ဇော်ကြီးကို ငွေကြေး သွားရောက်လှူဒါန်းမယ့် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဘေဘီမောင်က လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ လူကြမ်းသရုပ်ဆောင် ဇော်ကြီး ရဲ့ အင်တင်ဗျူးကို တွေ့ပြီး ငွေကြေးသွားလှူမယ်လို့ ပြောထားပါတယ်။ လူကြမ်းသရုပ်ဆောင် ဇော်ကြီးက သူ့ရဲ့ မိသားစုလေးနဲ့ နေထိုင်နေတဲ့ ကျူးကျော်အိမ်လေးကို ဖျက်ပေးရတော့မှာမို့ ဒုက္ခရောက်နေတာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က ” ကိုယ့်စေတနာကိုယ့်အကျိုးပေးမှာပါဒုက္ခရောက်နေတဲ့ခုနှစ်ရက်သားသမီးတွေဆို ကိုယ့်ဘက်ကတတ်နိုင်သလောက်လေးတော့ကူညီသင့်ပါတယ်လေခု လူကြမ်းသရုပ်ဆောင်ဖိုက်တင် ဦးဇော်ကြီးဆို ဘေဘီတို့ရုပ်ရှင်နယ်ပယ်ကလည်းဖြစ်တယ် တော်တ်ာအဆင်မပြေဘူးဆိုတာလည်း Hiso...

x